ဦးရာဇ်မြီသာရေးနာရေးအသင်းအတည်ပြုဖွဲ့ စည်းခြင်း
နေ့ စွဲ၊ ၅၊ ၂၊ ၂၀၁၁
မလေးရှားရောက် ပုဏ္ဏားကျွန်း မြို့ နယ်မှ မျိုးချစ်လူငယ်များ စုစည်းပြီး သားရေးနာရေးအသင်း ကို ယခင်အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း အစည်းဝေးတက်ရောက်လာသည့်လူငယ်များမှ အတည် ပြုဆုံးဖြတ် ကာ ဦးရာဇ်မြီအသင်း ကို ဖွဲ့ စည်းခဲပါသည်။
ထိုအစည်းအဝေးသို ဦးရာဇ်မြီလူငယ် ၅၀ကျော် တက်ရောက်ခဲပြီး အပြန်အလှန်ဆွေးနွေးကာ အသင်း
ရည်ရွယ်ချက်များ သာရေး နာရေးလုပ်ဆောင်သင့်သည်များကို လုပ်ဆောင် ကူညီနိုင်ရန် အကျယ်တစ်
ဝင့်ဆွေးနွေးအတည်ပြုပေးခဲပါသည်။ အသင်းသား များမှ အသင်းဥက္ကဋ္ဌ ကိုရွေးချယ် တင်မြောက် ပြီး EC များ ကျေးရွာတာဝန်ခံ ကိုယ်စားလှယ် များကို အတည်ပြုတင်မြောက်ခဲပါသည်။ ပူချောင်းဆရာတော် မှ အသင်းဖွဲစည်းခြင်း ကိုအားပေးသြ၀ါဒစကားပြောကြား ခဲပါသည်။ အသင်း၏
ဥက္ကဋ္ဌ မှ အသင်းသားများအား ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာ တာဝန်ယူနိုင်သည်အကြောင်း ကို ပြောကြားကာ လူငယ်များမှ အားရကျေနပ်စွာ လက်ခုတ်သြဘာတီး ၍ ကြိုဆိုခဲကြပါသည်။ အသင်း မှ တက်ရောက်လာသူများအား ဦရာဇ်မြီ ပြက္ဒိန်ရောင်ချ ပြီးအသင်းရံပုံငွေ ရရှိရန် လုပ်ဆောင်ခဲပါသည် ။ အတွင်းရေးမှူး ကိုကျော်ဌေး မှလည်း အသင်းဖြစ်ပေါ် လာပုံ ကိုအကျဉ်ချုပ် ပြောကြားပြီး မိမိပတ်ဝန်း ကျင်ကို မိမိ ကာကွယ်ရန် အချိန်တိုင်းအသင့်ရှိစေဖို့ တိုက်တွန်းခဲပါသည်။
အစည်းအဝေးကို အချိန် ၃ နာရီကြာပြုလုပ်ပြီး ညနေ ၄ နာရီတွင် အောင်မြင်စွာပြီးဆုံးခဲပါသည်
အသင်းဝင်လို သည့် ဦးရာဇ်မြီ ပတ်ဝန်းကျင် ကျေးရွာမြို့ နယ် များမှ ၍သာရေးနာရေးအသင်း သို မည်သူ မဆို ၀င်ရောက်နိုင်ကြောင်းအသိပေးနိုးဆော်အပ်ပါသည်။
ဆက်သွယ်ရန်=+၆၀၁၂၅၃၄၂၅၁၁
+၆၀၁၇၉၇၇၄၈၃၈
+၆၀၁၇၃၃၆၂၂၉၄
+၆၀၁၂၆၁၇၄၅၃၉
No comments:
Post a Comment